(၂၉-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကော့သောင်းမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များတွင် ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application အား လိုက်လံထည့်သွင်းဖြန့်ဝေခြင်းနှင့် DAN mobile Application ကို ရယူအသုံးပြုပုံ ကြော်ငြာစာစောင်များကို ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)