Author Archives: RRD

  • (၃၀-၁-၂၀၁၆) ရက်နေ့တွင် ထားဝယ်မြို့၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံးမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေးဆောင်ရွက်ချက်များအပေါ်တွင် အမြဲထိတွေ့နေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်လျက် ခရိုင်အဆင့်သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ထားဝယ်မြို့သူနာပြုသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ သင်တန်းဖွင့်ပွဲတွင် ထားဝယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးဦးရန်နိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးနေမျိုးထွန်းက သင်တန်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ သင်တန်းဖွင့်ပွဲသို့ … Read more

Sign Up

Upcoming Events