(၂၈-၁-၂၀၁၆) ရက်နေ့ (၁၅း၄၅) နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မော်အနောက်ရပ်ကွက်၊ အကွက် (၃၇၉)၊ တောင်ငံပြာရည်ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၈) လုံး မီးလောင်ကျွမ်းခဲ့ပြီး ၊ အိမ်ထောင်စု (၂၃) စုမှ လူကြီး (၈၁) ဦး၊ ကလေး (၁၆)ဦး၊ ပေါင်း (၉၇) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ (၆၈၀၀၀၀၀/-) ခန့်ဖြစ်ပြီး၊ မီးဘေးသင့်ပြည်သူများ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ တန်ဖိုးငွေ (၅၀၇,၅၁၈/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၂၃) အိမ်ထောင်စာနှင့် UNICEFF Family Kits (၂၃) ပုံးအား (၂၉-၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်း ရရှိပါသည်။