၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်၌မီးလောင်မှုသတင်းနှင့် ထောက်ပံ့မှုအခြေအနေသတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်၌ (၃၁-၁-၂၀၁၆) ရက်နေ့ (၁၂း၄၀) နာရီ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၄) လုံးမီးလောင်ကျွမ်းခဲ့ပြီး ၊ အိမ်ထောင်စု (၄)စုမှ လူပေါင်း (၁၅) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ (၃၁၅၀၀၀/-) ခန့်ဖြစ်ပြီး၊ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေ (၈၈,၂၆၄/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၄) အိမ်ထောင်စာနှင့် အ၀တ်ဟောင်းမျိုးစုံ (၂၀) ထည်တို့အား (၃၁-၁-၂၀၁၆) ရက်နေ့တွင် လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀၀၀၀/-) နှင့် ဆန် ဖိုးငွေ (၁၇၁၀၀/-) စုစုပေါင်း (၂၆၇၁၀၀/-) အား (၁-၂-၂၀၁၆) ရက်နေ့တွင်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events