Author Archives: RRD
-
(၂၀.၄.၂၀၁၆)ရက်နေ့၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
(၂၀.၄.၂၀၁၆) ရက်နေ့၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ ဦးစီးမှူးမှ ဦးဆောင်ကာတာဝန်ရှိသူများလိုက်ပါလျက် ဇေယျာသီရိမြို့နယ်အတွင်းရှိ အင်ပင်ခုံကျေးရွာအတွက် သောက်သုံးရေ ဂါလံ (၁၆၀၀)၊ ဒိုပင်ခုံကျေးရွာအတွက် ဂါလံ (၁၆၀၀)၊ နန်းသြကျေးရွာ အတွက် ဂါလံ (၈၀၀)နှင့် ပြည်စံအောင်ရပ်ကွက်အတွက် ဂါလံ (၁၆၀၀) စုစုပေါင်း ရေဂါလံ (၅၆၀၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှလည်း စုစုပေါင်းရေဂါလံ (၂၄၀၀) အား လည်းကောင်း အသီသီးသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
(၁၉.၄.၂၀၁၆)ရက်နေ့၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့အတွင်း ရေဖြန့်ဝေပေးမှုသတင်း
(၁၉.၄.၂၀၁၆)ရက်နေ့၊ (၁၃းဝ၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကံပုံကြီးနားကျေးရွာ၊ အိမ်ခြေ (၂၅၀)ခန့်အား ဦးစီးမှူး၊ ဦးအာကာကိုကိုဦးဆောင်ပြီး မီးသတ်ဦးစီးဌာနမှ ဂါလံ (၁၂၀၀) ကား (၂)စီးဖြင့် စုစုပေါင်းရေဂါလံ (၂၄၀၀)အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
၁၉-၄-၂၀၁၆ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်-မော်တင်စွန်းကားလမ်းဘေးဝဲယာရှိ ပုသိမ်မြို့နယ်အတွင်း ရေပေးဝေမှုသတင်း
၁၉-၄-၂၀၁၆ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်-မော်တင်စွန်းကားလမ်းဘေးဝဲယာရှိ ပုသိမ်မြို့နယ်၊ ရွာဟောင်းကြီးကျေးရွာအုပ်စု၊ တောင်ပေါက်ကျေးရွာ၊တတန်ကူးကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ စာရေးချောင်းကျေးရွာနှင့် ငပုတောမြို့ နယ်၊တောင်တန်းကုန်းအုပ်စု၊ မဏ္ဍပ်ကျေးရွာမှ စုစုပေါင်းအိမ်ခြေ(၂၁၂)အိမ်၊ လူဦးရေ(၈၅၀)ဦးခန့်အား ရေဂါလံ(၁၆၀၀)ဆံ့ရေကားတစ်စီး၊ (၈)ဂါလံဝင်ပုံး(၅၀)ပုံး ဂါလံ(၄၀၀)၊ စုစုပေါင်းရေဂါလံ(၂၀၀၀)အား လမ်းဘေးဝဲယာတစ်လျှောက်မှ ဒေသခံပြည်သူများအား သောက်သုံးရေဖြန့်ဝေမှုကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၁၉-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏကျွန်းမြို့နယ်၊ သာစည်ကျေးရွာသို့ သောက်ရေသန့် ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးကျော်မင်း ဦးစီး၍ တာဝန်ရှိသူများသည် ရေရှားပါးသည့်ဒေသဖြစ်သော ပုဏ္ဏကျွန်းမြို့နယ်၊ သာစည်ကျေးရွာသို့ (၁၉-၄-၂၀၁၆) ရက်နေ့တွင် ကျေးရွာနေပြည်သူများအား သောက်ရေသန့် (၁၀၀၀) ဂါလံအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၁၉.၄.၂၀၁၆)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး၊ ဦးဝင်းရွှေ ဦးစီး၍ အရာထမ်း/အမှုထမ်းများ ၊ ကော့မှူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မီးသတ်မြို့နယ်ဦးစီးမှူး၊ ဒုဦးစီးမှူး၊ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့များပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေသယ်ယာဉ်များဖြင့် ကော့မှူးမြို့မှ ၁၃ မိုင်အကွာ ပျားမွတ်ကျေးရွာ အတွက် ရေဂါလံ (၁၈၀၀) နှင့် ပျားမွတ်ကျေးရွာအုပ်စု မှ နှစ်ခွကျေးရွာအတွက် ရေစုကန်ပြုလုပ်ရန် ဆော်ဒီမိုးကာစ ၆×၈ ကိုက် (၄)စ ၊ ဘို့ဒင်ကျေးရွာအတွက် ရေဂါလံ (၁၈၀၀) ၊ စုစုပေါင်း ရေဂါလံ (၃၆၀၀) နှင့် … Read more
-
(၁၉.၄.၂၀၁၆)ရက်နေ့၊ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို ့နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှု သတင်း
(၁၉.၄.၂၀၁၆) ရက်နေ ့၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို ့နယ်အတွင်းရှိ ကနစိုးကျေးရွာ၊ ရွာမကျေးရွာနှင့် ရွာသစ်ကျေးရွာများသို့ စုစုပေါင်း သောက်သုံးရေဂါလန် (၄၅၀၀) အား သွားရောက်ဖြန် ့ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
(၁၉.၄.၂၀၁၆) ရက်နေ့၊ ကျိုင်းတုံမြို ့နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှု သတင်း
၁၉.၄.၂၀၁၆ရက်နေ့၊ ကျိုင်းတုံမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ယန်းခမ်းအထက် အခါရွာ၊ အိမ်ခြေ ၁၃၀၊ လူဦးရေ ၈ဝဝဦးအတွက် ရေဂါလန် ၁၈၀၀ အား ကျိုင်းတုံ ခရိုင်ကယ်ဆယ်ရေးရုံးမှ ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့်ဝန်ထမ်းများ သွားရောက်ဖြန် ့ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၁၈-၄-၂၀၁၆) ရက်နေ့တွင် လားရှိုးခရိုင်၊ လားရှိုးမြို့ ရပ်ကွက် (၁) နယ်မြေ (၈) ရှိဒေသခံပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း
(၁၈-၄-၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့၊ ရပ်ကွက် (၁) နယ်မြေ (၈) ရှိ အိမ်ခြေအိမ်ထောင်စု (၂၀၀) စုမှ လူဦးရေ (၁၅၀၀) ဦးခန့်အတွက် ရေဂါလံ (၁၆၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါသည်။
-
(၁၈-၄-၂၀၁၆) ရက်နေ့တွင် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းကြီးကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း
(၁၈-၄-၂၀၁၆) ရက်နေ့တွင် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းကြီးကျေးရွာ၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နွေးနွေးစိုးနှင့်တာဝန်ရှိသူများသည် ရေဂါလန် (၁၂၅၀) အားရေရှားပါးသည့် ဒေသရှိပြည်သူများထံ သို့ ရေဖြန်ဝေပေးခဲ့ပါသည်။
-
(၁၈-၄-၂၀၁၆) ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ ကောင်းစည်အုပ် စုကောင်းစည်ကျေးရွာနှင့် ပျားထိုးကျွန်းကျေးရွာတို့ အတွက် သောက်သုံးရေဖြန့်ဝေပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးမှူးရုံးမှ ဦးစီးမှူးဒေါ်သီသီချိုနှင် ့အဖွဲ့သည် ှ (၁၈-၄-၂၀၁၆) ရက်နေ့၊ (၁ဝးဝ၀) နာရီတွင် ရေရှားပါးသည့်ပေါက်ခေါင်းမြို့နယ်၊ ကောင်းစည်အုပ်စုကောင်းစည်ကျေးရွာရှိ အိမ်ခြေ (၂၀၀) အတွက် သောက်သုံးရေသန့်ဘူးကြီး (၂၀) ဘူးများနှင့် သုံးရေ ဂါလံ (၁၆၀၀) ကို လည်းကောင်း၊ (၁၂းဝ၀) နာရီတွင် ပျားထိုးကျွန်းကျေးရွာရှိ ဒေသခံများအတွက် ပေါက်ခေါင်းမီးသတ်ဦးစီးဌာန၏ အကူအညီပ့ံပိုးမှုဖြင့် သုံးရေ ဂါလံ (၁၆၀၀) သောက်ရေသန့်ဘူးကြီး (၂၀) ဘူး တို့ကိုလည်းကောင်း သွားရောက်လှူဒါန်းခဲ့ပါသည်။
