(၁၉.၄.၂၀၁၆)ရက်နေ့၊ (၁၃းဝ၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကံပုံကြီးနားကျေးရွာ၊ အိမ်ခြေ (၂၅၀)ခန့်အား ဦးစီးမှူး၊ ဦးအာကာကိုကိုဦးဆောင်ပြီး မီးသတ်ဦးစီးဌာနမှ ဂါလံ (၁၂၀၀) ကား (၂)စီးဖြင့် စုစုပေါင်းရေဂါလံ (၂၄၀၀)အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။