၁၉-၄-၂၀၁၆ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်-မော်တင်စွန်းကားလမ်းဘေးဝဲယာရှိ ပုသိမ်မြို့နယ်၊ ရွာဟောင်းကြီးကျေးရွာအုပ်စု၊ တောင်ပေါက်ကျေးရွာ၊တတန်ကူးကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ စာရေးချောင်းကျေးရွာနှင့် ငပုတောမြို့ နယ်၊တောင်တန်းကုန်းအုပ်စု၊ မဏ္ဍပ်ကျေးရွာမှ စုစုပေါင်းအိမ်ခြေ(၂၁၂)အိမ်၊ လူဦးရေ(၈၅၀)ဦးခန့်အား ရေဂါလံ(၁၆၀၀)ဆံ့ရေကားတစ်စီး၊ (၈)ဂါလံဝင်ပုံး(၅၀)ပုံး ဂါလံ(၄၀၀)၊ စုစုပေါင်းရေဂါလံ(၂၀၀၀)အား လမ်းဘေးဝဲယာတစ်လျှောက်မှ ဒေသခံပြည်သူများအား သောက်သုံးရေဖြန့်ဝေမှုကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။