(၂၀.၄.၂၀၁၆) ရက်နေ့၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ ဦးစီးမှူးမှ ဦးဆောင်ကာတာဝန်ရှိသူများလိုက်ပါလျက် ဇေယျာသီရိမြို့နယ်အတွင်းရှိ အင်ပင်ခုံကျေးရွာအတွက် သောက်သုံးရေ ဂါလံ (၁၆၀၀)၊ ဒိုပင်ခုံကျေးရွာအတွက် ဂါလံ (၁၆၀၀)၊ နန်းသြကျေးရွာ အတွက် ဂါလံ (၈၀၀)နှင့် ပြည်စံအောင်ရပ်ကွက်အတွက် ဂါလံ (၁၆၀၀) စုစုပေါင်း ရေဂါလံ (၅၆၀၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှလည်း စုစုပေါင်းရေဂါလံ (၂၄၀၀) အား လည်းကောင်း အသီသီးသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။