(၁၉.၄.၂၀၁၆)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

12991103_559876020846799_2011748040265455254

ရန်ကုန်တိုင်းဒေသကြီး ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး၊ ဦးဝင်းရွှေ ဦးစီး၍ အရာထမ်း/အမှုထမ်းများ ၊ ကော့မှူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မီးသတ်မြို့နယ်ဦးစီးမှူး၊ ဒုဦးစီးမှူး၊ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့များပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေသယ်ယာဉ်များဖြင့် ကော့မှူးမြို့မှ ၁၃ မိုင်အကွာ ပျားမွတ်ကျေးရွာ အတွက် ရေဂါလံ (၁၈၀၀) နှင့် ပျားမွတ်ကျေးရွာအုပ်စု မှ နှစ်ခွကျေးရွာအတွက် ရေစုကန်ပြုလုပ်ရန် ဆော်ဒီမိုးကာစ ၆×၈ ကိုက် (၄)စ ၊ ဘို့ဒင်ကျေးရွာအတွက် ရေဂါလံ (၁၈၀၀) ၊ စုစုပေါင်း ရေဂါလံ (၃၆၀၀) နှင့် မိုးကာစများအား လှူဒါန်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events