Author Archives: RRD
-
မကွေးမြို့နယ်၊ ကံသာကြီးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကံသာကြီးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ရက် (၁၀၀) အလွန်ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝ ဘေးနှင့်စပ်လျဉ်းသည့်သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေး ဆောင် ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ … Read more
-
ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးလုံကျေးရွာအနီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ (၂) ဦးအတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးလုံကျေးရွာအနီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိ၍ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသရန်ရောက်ရှိနေသည့် လူနာ (၂) ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေ (၅) သောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁) သိန်းကျပ်ကို လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက (၃-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၊ ရှမ်းရွာပိုင်း၌ (၂-၁-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီအချိန်တွင် ါယာရှော့ခ်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံးမီလောင်ကျွမ်းခဲ့ပြီး လူဦးရေ (၅) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ Family Kits (၂၀) မျိုးပါ (၁) အိတ်၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဘိုးငွေစုစုပေါင်း (၁၀၄၅၀၀) ကျပ်တိတိကို ပြည်နယ်ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ (၃-၂-၂၀၁၆) … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှော်ဘီမြို့နယ် တိုးချဲ့ (၂) ရပ်ကွက်တွင် (၁-၁-၂၀၁၇) ရက်နေ့ နံနက် (၀၃:၁၅) အချိန်၌ မီးပူတိုက်ပြီး မီးပလပ်မဖြုတ်ပဲထားမိပြီး ဝါယာလျှော့မှ တစ်ဆင့် မီးဘေးဖြစ်ပွားခဲ့ပြီး မီးဘေးသင့်အိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအနက် အသက် (၇၆) နှစ်ရှိ အဖွား (၁)ဦး ၊ အသက် (၃၇) နှစ်ရှိ အမျိုးသား (၁) ဦးတို့မှာ မီးခိုးသင့်ပြီး သေဆုံးခဲ့၍ … Read more
-
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်းသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ရဟန်းသံဃာများနှင့် ကိုရင်များအတွက် ထောက်ပံ့အလှူငွေများ ဆက်ကပ်မှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်းသို့ရောက်ရှိနေသော တိုက်ပွဲရှောင်ရဟန်း (၅) ပါးအတွက် ရဟန်း (၁) ပါးလျှင် (၁၆၀၀၀) ကျပ်နှုန်းဖြင့် (၈၀၀၀၀) ကျပ်နှင့် ကိုရင် (၁၅) ပါးအတွက် ကိုရင် (၁) ပါးလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် (၁၂၀၀၀၀) ကျပ်တို့ကို (၂-၁-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ဆေးရုံတွင် တိုက်ပွဲကြောင့် ထိခိုက်ခဲ့ရ၍ ဆေးကုသမှုခံယူနေသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ဆေးရုံတွင် တိုက်ပွဲကြောင့် ထိခိုက်ခဲ့ရ၍ ဆေးကုသမှုခံယူနေသော မောင်ကွမ်းငင်း အတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်တိတိကို ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက (၂-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်မှုသတင်း
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းအုပ်စု နန်းတော်ကျွန်းကျေးရွာတွင် (၂၉.၁၂.၂၀၁၆) နေ့၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူ (၃၃၂) ဦးတက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၃၀-၁၂-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၇) သိန်း၊ ဆန်ရိက္ခာဘိုးငွေ (၁၇၁၀၀) ကျပ်၊ family kit (၇) ထုပ် ၊ ပလပ်စတစ်ရေပုံး (၁၄) ပုံးတို့ကို မွန်ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းနှင့်အတူ မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၆) ရက်နေ့တွင်ပင် သွားရောက်ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်ရှိ မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၈-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ ဘလေးကျေးရွာ အုပ်စု၊ ကေလုံကျေးရွာသို့ ကွင်းဆင်းကြည့်ရှုပြီး အိမ်ခြေ (၅၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ပလက်စတစ်ပုံးများ၊ ပြောင်းရွှေ့စရိတ် (၁) အိမ်လျှင် (၂၀၀၀၀) နှုန်းဖြင့် (၁၀၂၀၀၀၀) ကျပ်၊ လူဦးရေ စုစုပေါင်း (၃၀၀) ဦးအတွက် ဆန်ရိက္ခာ(၁၀) ရက်စာ တန်ဖိုးငွေကျပ် (၉၀၀၀၀၀)၊ အားလုံးစုစုပေါင်းငွေကျပ် (၁၉၂၀၀၀၀) … Read more
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် နောက်ဆက်တွဲထောက်ပံ့မှု သတင်း
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) (၂၇-၁၂-၂၀၁၆) ရက်နေ့ညပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်း၊ ညောင်မောင်းကျေးရွာသို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂ဝ) စုမှ လူဦးရေ (၇၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုးနှင့် ဆန် (၃) ရက် စာ (၇၁၁ဝဝ/-) ကျပ်အား (၃၀-၁၂-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
