
မှော်ဘီမြို့နယ် တိုးချဲ့ (၂) ရပ်ကွက်တွင် (၁-၁-၂၀၁၇) ရက်နေ့ နံနက် (၀၃:၁၅) အချိန်၌ မီးပူတိုက်ပြီး မီးပလပ်မဖြုတ်ပဲထားမိပြီး ဝါယာလျှော့မှ တစ်ဆင့် မီးဘေးဖြစ်ပွားခဲ့ပြီး မီးဘေးသင့်အိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအနက် အသက် (၇၆) နှစ်ရှိ အဖွား (၁)ဦး ၊ အသက် (၃၇) နှစ်ရှိ အမျိုးသား (၁) ဦးတို့မှာ မီးခိုးသင့်ပြီး သေဆုံးခဲ့၍ သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၀၀၀၀၀/-) အား ကျန်ရစ်သူ မိသားစုများသို့၎င်း ၊ နေအိမ်အတွက် ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ (၁) ပုံး ၊ Huawei family kit (၁) စုံ နှင့် SCG relief bag (၂) ထုပ်၊ ဆန်ရိက္ခာဘိုးနှင့် ရေသန့်ကဒ်များအား မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ (၃-၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။