(၃၀-၁၂-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၇) သိန်း၊ ဆန်ရိက္ခာဘိုးငွေ (၁၇၁၀၀) ကျပ်၊ family kit (၇) ထုပ် ၊ ပလပ်စတစ်ရေပုံး (၁၄) ပုံးတို့ကို မွန်ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းနှင့်အတူ မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၆) ရက်နေ့တွင်ပင် သွားရောက်ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)