Author Archives: RRD
-
(၂၅-၄-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် ခရမ်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ ကျေးရွာများအတွင်း လိုအပ်လျက်ရှိသည့် စက်ရေတွင်းတူးဖော်ရန်နှင့် မြေသားရေကန်ပြုပြင်ပေးရန် ကွင်းဆင်းဆောင်ရွက်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေလိုအပ်မှုနှင့်ပတ်သက်၍ ခရမ်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးနှင့် ဦးသိန်းဇော်လတ်တို့မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Call Center သို့ ဆက်သွယ်တင်ပြတောင်းခံခဲ့ပါသည်။ အဆိုပါကျေးရွာများအနက် အချို့ကျေးရွာများတွင် စက်ရေတွင်းတူးဖော်ရန်လိုအပ်ခြင်း၊ အချို့မှာ မြေသားရေကန်ပြုပြင်ပေးရန် လိုအပ်ခြင်းများရှိနေ၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ခရမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်းတို့သည် ဝိုင်းဝန်းဆွေးနွေးကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကျေးရွာများအတွင်း ကွင်းဆင်းကြည့်ရှု၍ အမှန်တကယ်လိုအပ်မှုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ရုံးချုပ်) သို့ … Read more
-
(၂၄-၄-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ရှားပြားကျေးရွာရှိပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပင်းတယမြို့နယ်၊ ရှားပြားကျေးရွာရှိ သောက်သုံးရေရှားပါး လျက်ရှိသော ပြည်သူများအတွက် အိမ်ခြေ (၂၂၀) စုအတွက် ရေ (၂၀၀၀) ဂါလန်ကို (၂၄-၄-၂၀၁၆) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ တွင် ဧပြီလ၂၅ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Handicap International Program Director ဖြစ်သူ Mr.Yann Faivre ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မိုင်းကြောင့် ဒုက္ခရောက်သူများ ကူညီပံ့ပိုးရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုးချဲ့ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မိုင်းအသိပညာပေးဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ညနေ (၁၄:ဝ၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား … Read more
-
(၂၅-၄-၂၀၁၆)ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်၊ ဝါးသုံးပြူးကျေးရွာအုပ်စု ဝါးသုံးပြူးကျေးရွာ သို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် ဝန်ထမ်းများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် တောင်တွင်းကြီး မြို့နယ်၊ ဝါးသုံးပြူးကျေးရွာအုပ်စု ဝါးသုံးပြူးကျေးရွာရှိ အိမ်ခြေ (၁၀၀)၊ လူဦးရေ (၄၀၀) အတွက် သောက်သုံးရေဂါလံ (၁၆၀၀) ကို ဖြန့်ဝေပေးခဲ့ ကြောင်းသိရှိရပါသည်၊
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာအုပ်စု ပန်းတောကျေးရွာ သို့မဟုတ် ရွှေပန်းတောကျေးရွာရှိ ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေ ဂါလံ (၁၀၀၀)ကို မော်တောဘုတ် ဖြင့်ပို့ဆောင်ပြီး သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာအုပ်စု ပန်းတောကျေးရွာ သို့မဟုတ် ရွှေပန်းတောကျေးရွာရှိ ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေ ဂါလံ (၁၀၀၀)ကို မော်တောဘုတ် ဖြင့်ပို့ဆောင်ပြီး သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၅-၄-၂၀၁၆) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ချိကယ်အုပ်စု၊ ဒေါမူကလားကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ချိကယ်အုပ်စု၊ ဒေါမူကလားကျေးရွာရှိ ကျေးရွာနေပြည်သူများအတွက် ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေ ဂါလံ (၁၆၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့ရှိ လေဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း
(၂၂-၄-၂၀၁၆) ရက်နေ့က ဖြစ်ပွားခဲ့သောလေဘေးအတွက် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မိုးမိတ်မြို့နယ်အတွက် အိမ်ထောင်စု (၄၆၁) စာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး နှင့် မဘိမ်းမြို့နယ် အတွက် အိမ်ထောင်စု (၁၀၀) စာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး တို့ကို (၂၅-၄-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ပါသည်၊၊
-
(၂၅-၄-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဟွေခါးကျေးရွာရှိ သောက်သုံးရေကန်အား သွားရောက်ကာ ရေဖြည့်တင်းပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဟွေခါးကျေးရွာရှိ သောက်သုံးရေကန်အား မိုင်းဇင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများ အသုံးပြုနိုင်ရန်အတွက် သောက်သုံးရေဂါလံ (၉၀၀) အား သွားရောက်ဖြည့်တင်းပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
(၂၅-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ကျေးရွာရှိ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေ ဂါလံ (၁၀၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၅-၄-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဂုံညင်းခုံကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဂုံညင်းခုံကျေးရွာရှိ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေ ဂါလံ (၂၃၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
