လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း

call1 call2လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ တွင် ဧပြီလ၂၅ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Handicap International Program Director ဖြစ်သူ Mr.Yann Faivre ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မိုင်းကြောင့် ဒုက္ခရောက်သူများ ကူညီပံ့ပိုးရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုးချဲ့ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မိုင်းအသိပညာပေးဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ညနေ (၁၄:ဝ၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Norwegian Refugee Council (NRC) မှ Country Director ဖြစ်သူ Mr.Rafael Abis ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသိုတွေ့ဆုံရာ၌ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများအား ပံ့ပိုးပေးရေးကိစ္စရပ်များ၊ နမ့်စန်နှင့် လပွတ္တာမီးဘေးတွင် ကူညီဆောင်ရွက်မှုများ၊ ကချင်ပြည်နယ် တွင် လူသားချင်းဆိုင်ရာပံ့ပိုးကူညီဆောင်ရွက်မှုများ၊ အနာဂါတ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အလားတူ ညနေ (၁၅:ဝ၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား International Organization for Migration (IOM) မှ Mr.Kieran Corman-Best ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များနှင့် အင်ဒိုနီးရှား ကျွန်းများပေါ်မှ ရွှေ့ပြောင်းအလုပ်သမားများ ကူညီကယ်ဆယ်ရေးလုပ်ငန်း ကိစ္စရပ်များနှင့် အနာဂါတ်လုပ်ငန်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ညနေ (၁၆: ဝ၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား United Nationals High Commissioner for Refugees မှ Mr. Gijuseppe de Vincentiis ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးမှုအခြေအနေများနှင့် ယင်းဒေသများသို့ သွားရောက်ကူညီစောင့်ရှောက်ရေး ကိစ္စရပ်များနှင့် အနာဂါတ်လုပ်ငန်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events