ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာအုပ်စု ပန်းတောကျေးရွာ သို့မဟုတ် ရွှေပန်းတောကျေးရွာရှိ ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေ ဂါလံ (၁၀၀၀)ကို မော်တောဘုတ် ဖြင့်ပို့ဆောင်ပြီး သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။