ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေလိုအပ်မှုနှင့်ပတ်သက်၍ ခရမ်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးနှင့် ဦးသိန်းဇော်လတ်တို့မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Call Center သို့ ဆက်သွယ်တင်ပြတောင်းခံခဲ့ပါသည်။ အဆိုပါကျေးရွာများအနက် အချို့ကျေးရွာများတွင် စက်ရေတွင်းတူးဖော်ရန်လိုအပ်ခြင်း၊ အချို့မှာ မြေသားရေကန်ပြုပြင်ပေးရန် လိုအပ်ခြင်းများရှိနေ၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ခရမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်းတို့သည် ဝိုင်းဝန်းဆွေးနွေးကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကျေးရွာများအတွင်း ကွင်းဆင်းကြည့်ရှု၍ အမှန်တကယ်လိုအပ်မှုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ရုံးချုပ်) သို့ တင်ပြဆောင်ရွက်ရေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)