ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် ဝန်ထမ်းများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် တောင်တွင်းကြီး မြို့နယ်၊ ဝါးသုံးပြူးကျေးရွာအုပ်စု ဝါးသုံးပြူးကျေးရွာရှိ အိမ်ခြေ (၁၀၀)၊ လူဦးရေ (၄၀၀) အတွက် သောက်သုံးရေဂါလံ (၁၆၀၀) ကို ဖြန့်ဝေပေးခဲ့ ကြောင်းသိရှိရပါသည်၊