Author Archives: RRD
-
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၆) ရက်နေ့တွင်သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စု (၄၄) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်းများသွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၁-၅-၂၀၁၆) ရက်နေ့တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ကျေးရွာ (၄) ရွာရှိ ပြည်သူများ အတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ကျေးရွာ (၄) ရွာရှိ ပြည်သူများအား (၁-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဲကုန်းမြို့နယ်၊ တပင်မှော်အုပ်စုအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၆) ရက်နေ့တွင် သဲကုန်းမြို့နယ်၊ တပင်မှော်အုပ်စုအတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ သွားရောက်၍ ဘေးသင့်အိမ်ထောင်စု (၁၇၁) အိမ်ထောင်စုစာအတွက် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁.၅.၂၀၁၆) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ ထီးလှိုင်ကျေးရွာအုပ်စု၊ ဆည်တို ရွာသို့ရောက်ရှိပြီး (၃၀-၄-၂၀၁၆) ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးဒုက္ခကြုံတွေ့ရသည့် လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားကာ ပြိုကျနေအိမ် (၃) လုံးအတွက် ကျပ် (၁.၅) သိန်း၊ ကယ်ဆယ်ရေပစ္စည်းနှင့် အသင့်စားခေါက်ဆွဲထုပ်များအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃၉) လုံးအတွက် ကျပ် (၇.၈) … Read more
-
ကျိုင်းတုံမြို့နယ်၊ မိုင်းပတ်အထက်ကျေးရွာအုပ်စု၊ ပုံတီကျေးရွာ၌ မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူတစ်ဦးမှ (၁-၅-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းပတ်အထက်ကျေးရွာအုပ်စု၊ ပုံတီကျေးရွာ၌ မိုးကြိုးထိမှန် သေဆုံးသူအတွက် ငွေကျပ် (၁သိန်း) အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဘိုကလေးမြို့နယ်၊ ကျီစုကျေးရွာအတွင်းရှိ မီးဘေးသင့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၆) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျီစုကျေးရွာအတွင်းရှိ မီးဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး(၁၈၆) အိမ်ထောင်စာနှင့် ပစ္စည်း(၄) မျိုး (၁၁၀) အိမ်ထောင်စာတို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
တာလေမြို့နယ်၊ မိုင်းလင်း (ရှေ့) ကျေးရွာအုပ်စုနှင့် နမ့်ခင်း (ဝ) ရွာအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေများထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၆) ရက်နေ့တွင် တာလေမြို့နယ်၊ မိုင်းလင်း (ရှေ့) ကျေးရွာအုပ်စုနှင့် နမ့်ခင်း (ဝ) ရွာအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေ (၁ သိန်း ၅ သောင်း) အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
လပွတ္တာမြို့နယ်၊ လွှဇာကျေးရွာအုပ်စု၊ ဒေါင့်ကြီးကုန်းကျေးရွာသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၆) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ လွှဇာကျေးရွာအုပ်စု၊ ဒေါင့်ကြီးကုန်းကျေးရွာအတွင်းရှိ အိမ်ခြေ (၈၆)၊ အိမ်ထောင်စု (၁၁၀)၊ လူဦးရေ (၃၇၇) ဦးအတွက် သောက်သုံးရေဂါလံ (၂၆၆) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၁-၅-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ငုတ်ကျေးရွာစု၊ ထီသိမ်ကျေးရွာရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလောမြို့နယ်၊ ငုတ်ကျေးရွာစု၊ ထီသိမ်ကျေးရွာရှိ အိမ်ထောင်စု (၆၁) စု၊ လူဦးရေ (၃၅၁) ဦး အတွက် ရေ (၈၈၀) ဂါလန်ကို (၁-၅-၂၀၁၆) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
