လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၆) ရက်နေ့တွင် သဲကုန်းမြို့နယ်၊ တပင်မှော်အုပ်စုအတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ သွားရောက်၍ ဘေးသင့်အိမ်ထောင်စု (၁၇၁) အိမ်ထောင်စုစာအတွက် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။