လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၆) ရက်နေ့တွင် တာလေမြို့နယ်၊ မိုင်းလင်း (ရှေ့) ကျေးရွာအုပ်စုနှင့် နမ့်ခင်း (ဝ) ရွာအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေ (၁ သိန်း ၅ သောင်း) အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။