လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁.၅.၂၀၁၆) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ ထီးလှိုင်ကျေးရွာအုပ်စု၊ ဆည်တို ရွာသို့ရောက်ရှိပြီး (၃၀-၄-၂၀၁၆) ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးဒုက္ခကြုံတွေ့ရသည့် လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားကာ ပြိုကျနေအိမ် (၃) လုံးအတွက် ကျပ် (၁.၅) သိန်း၊ ကယ်ဆယ်ရေပစ္စည်းနှင့် အသင့်စားခေါက်ဆွဲထုပ်များအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃၉) လုံးအတွက် ကျပ် (၇.၈) သိန်း အားလည်းကောင်း၊ ကလေးငယ်များအတွက် ကစားစရာအရုပ်များအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ပျဉ်တပ်ရပ်ကွက်သို့ ရောက်ရှိပြီး ပြိုကျနေအိမ် (၂) လုံးအတွက် ကျပ် (၁) သိန်း အားလည်းကောင်း၊ အုန်းပင်ရပ်ကွက်ရှိ ပြိုကျနေအိမ် (၁) လုံးအတွက် ကျပ် (၅) သောင်းအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး လေဘေးကြောင့် ထိခိုက်ပျက်စီးမှုများအား လေ့လာကြည့်ရှုခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ရမည်းသင်းခရိုင်၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး လေဘေးကြောင့်ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသော လူနာ (၁၁) ဦးအား တွေ့ဆုံအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေကျပ် (၃.၉) သိန်းနှင့် အသင့်စားခေါက်ဆွဲထုပ် များအားလည်းကောင်း၊ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၁) သိန်းအား တာဝန်ရှိသူ (၁) ဦးထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ရမည်းသင်းမြို့နယ်၊ ညောင်အိုင်ရွာ၊ မူလတန်း ကျောင်းသို့ရောက်ရှိပြီး လေဘေးသင့်ပြည်သူများအတွက် ယာယီဖွင့်လှစ် ထားသည့်ဆေးခန်းနှင့် ရေသန့်စင်စက်ဖြင့် သောက်ရေဖြန့်ဝေပေးနေမှုအား ကြည့်ရှုလေ့လာပြီး ပြိုကျနေအိမ် (၁၂) လုံးအတွက် ကျပ် (၆) သိန်းနှင့် ကလေး များအတွက် ကစားစရာအရုပ်များအားလည်းကောင်း၊ စျေးကုန်းရွာရှိ ပြိုကျ နေအိမ် (၄) လုံးအတွက် ကျပ် (၂) သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း များအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး စာရင်းကောက်ယူဆဲဖြစ်သည့် ကျန်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ဆက်လက်ထောက်ပံ့နိုင်ရေးနှင့် သေဆုံးသူကျန်ရှိသည့် ပြည်သူများအား စနစ် တကျကောက်ယူ၍ ဆက်လက်ထောက်ပံ့နိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြား စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။