လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၆) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ လွှဇာကျေးရွာအုပ်စု၊ ဒေါင့်ကြီးကုန်းကျေးရွာအတွင်းရှိ အိမ်ခြေ (၈၆)၊ အိမ်ထောင်စု (၁၁၀)၊ လူဦးရေ (၃၇၇) ဦးအတွက် သောက်သုံးရေဂါလံ (၂၆၆) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။