Author Archives: RRD
-
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၆) ရက်နေ့၌ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ လေဘေးဒဏ်ခံစားခဲ့ရသော အိမ်ထောင်စုများအတွက် (၉-၅-၂၀၁၆) ရက်နေ့တွင် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၃၈၄,၂၀၀/-) ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၇၀) စုစာအတွက် စုစုပေါင်း တန်ဖိုးငွေ (၆၃၀၀၀၀၀/-) ကျပ်တန်ဖိုးရှိ Family Kits (၇၀) စုံ နှင့် လူဦးရေ (၂၆၉) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ (၂၄၂ဝဝဝ/-) ကျပ် တို့အား (၉-၅-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ နှင့် မြေပြိုမှုကြောင့် သေဆုံးသူများအား ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၈-၅-၂၀၁၆) ရက်နေ့တွင် ကချင် ပြည် နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် အတွင်းရှိ ဆိတ်မူကျေးရွာအုပ်စုမှ ကျေးရွာ(၆)ရွာရှိ အမိုးလန် ပျက်စီး နေအိမ် (၃၀၉) အိမ်ထောင်စုအတွက် တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်ဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၆၁၈၀၀၀၀) ကျပ် နှင့် (၅-၅-၂၀၁၆) နေ့တွင် ဖြစ်ပွား သောမြေပြိုဘေးကြောင့် သေဆုံးသူ (၁၃)ဦး တို့အတွက် (၁)ဦးလျှင် (၁၀၀၀၀၀)ကျပ် နှုန်းဖြင့် (၁၃၀၀၀၀၀) … Read more
-
SSB (Single Side Band – High Frequency) အထိုင်စက်များ တပ်ဆင်ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (၄-၅-၂၀၁၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟန်ကင်းကျေးရွာအနီးရှိ မြေပြိုဆည်အနီး၌ SSB (Single Side Band -High Frequency) အထိုင်စက်များ သွားရောက်တပ်ဆင်ခဲ့ပြီး ၄င်းစက်များသည် မြန်မာနိုင်ငံအတွင်း မည့်သည့်နေရာမဆို ဆက်သွယ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အဆိုပါ SSB (Single Side Band -High Frequency) အထိုင်စက်များအား နေပြည်တော်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင်လည်းကောင်း၊ … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်ရာချထားရေး ဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၈-၅-၂၀၁၆) ရက်နေ့ တွင် ဘန်းကချွန် ကျေးရွာအုပ်စု၊ ယမုံနာ ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ဝဲငယ်ကျေးရွာ၊ သင်းဖောင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ အုပ်စု၊ ခမောက်ငယ် ကျေးရွာ၊ ခမောက်ကြီး မြို့၊ အမှတ် ( ၃) ရပ်ကွက်နှင့် ချောင်းဝကျေးရွာများရှိ ပြည်သူများအတွက် သောက်သုံးရေ (၂၁၀) ပုံး ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေသန့် (၂၀) လီတာ (၅၀) … Read more
-
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စုနှင့် ဆင်ကျူးကျေးရွာအုပ်စုတို့တွင် ရေပေးဝေမှုသတင်း
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စုရှိ ပန်းကုန်းကျေးရွာနှင့် ငါးနက်ပြာ ကျေးရွာ ၊ ဆင်ကျူးကျေးရွာအုပ်စု ရှိ တောကြီးကုန်းကျေးရွာ တို့အတွက် (၈-၅-၂၀၁၆)ရက်နေ့၌ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့် ဘားအံခရိုင် ထွေအုပ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူများပူးပေါင်း ၍ ကျေးရွာနေပြည်သူ များသို့ သုံးရေဂါလံ (၂၄၀၀) နှင့် သောက်သုံးရေ(၃၁၉၀) လီတာအား သွားရောက်လျူဒါန်းခဲ့ပါသည်၊၊
-
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ထိတန်းကျေးရွာတွင် ရေပေးဝေမှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ထိတန်းကျေးရွာတွင် (၈-၅-၂၀၁၆)ရက်နေ့၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန မှ တာဝန်ရှိသူများသည် ထိတန်း ကျေးရွာနေပြည်သူများသို့ သောက်သုံးရေ ဂါလံ (၁၅၀၀) အားသွားရောက် လျူဒါန်း ခဲ့ပါသည်၊၊
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာနှင့် ခတ်ချိုကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာနှင့် ခတ်ချိုကျေးရွာတို့တွင် (၂၉-၃-၂၀၁၆)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ခြေ (၃၈) လုံး၊ အိမ်ထောင်စု (၃၈) စု၊ လူဦးရေ (၂၂၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၃၈)အိမ်ထောင်စုစာအား (၈-၄-၂၀၁၆)ရက်နေ့တွင် လည်းကောင်း၊ ဆန်ရိက္ခာ (၃) ရက်စာဖိုး (၂၀၆,၁၀၀ိ/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁,၉၀၀,၀၀၀ိ/-) ဘုရားကျောင်း (၁) လုံးအတွက် (၆၀,၀၀၀ိ/-) စုစုပေါင်း (၂,၁၆၆,၁၀၀ိ/-) အား (၈-၅-၂၀၁၆)ရက်နေ့တွင်လည်းကောင်း သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်တွင် စစ်ဘေးရှောင်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှတာ၀န်ရှိသူများက စစ်ဘေးရှောင်အိမ်ထောင်စု (၂၃၆) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ တန်ဖိုးငွေ ၅၂၀၇၅၇၆ ကျပ်၊ လူဦးရေ (၁၀၃၅) ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ ၉၃၁၅ဝဝ ကျပ် နှင့် ရေနစ်သေဆုံးသူကလေး (၁)ဦးအတွက် ၁ဝဝဝဝဝ ကျပ် စုစုပေါင်း ၆၂၃၉၀၇၆ ကျပ် တို့အား (၈-၅-၂၀၁၆)ရက်နေ့တွင်ထောက်ပံ့ခဲ့ပါသည်။
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးတောပိုက်ဆိပ်ကျေးရွာတွင် ရေပေးဝေမှုသတင်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးတောပိုက်ဆိပ်ကျေးရွာတွင် (၈-၅-၂၀၁၆)ရက်နေ့၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများက အိမ်ခြေ (၃၈၀) အတွက် လီတာ (၂၀) ဆန့် သောက်ရေသန့်ဘူးကြီး (၃၈၀)ဘူးအား ဖြန့်ဝေခဲ့ပါသည်။
