တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

333 kt911 kt922

 

ကယ်ဆယ်ရေးနှင့် ပြန်လည်ရာချထားရေး ဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၈-၅-၂၀၁၆) ရက်နေ့ တွင် ဘန်းကချွန် ကျေးရွာအုပ်စု၊ ယမုံနာ ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ဝဲငယ်ကျေးရွာ၊ သင်းဖောင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ အုပ်စု၊ ခမောက်ငယ် ကျေးရွာ၊ ခမောက်ကြီး မြို့၊ အမှတ် ( ၃) ရပ်ကွက်နှင့် ချောင်းဝကျေးရွာများရှိ ပြည်သူများအတွက် သောက်သုံးရေ (၂၁၀) ပုံး ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေသန့် (၂၀) လီတာ (၅၀) ပုံး ၊ကော့သောင်း NLD လူငယ်နှင့် (၈၈) မျိုးဆက်မှ ရေသန့် (၂၀) လီတာ (၃၂၇) ပုံး၊ စုစုပေါင်း သောက်သုံးရေ (၂၁၀) ပုံးနှင့် ရေသန့် (၃၇၇) ပုံးတို့ကို လှေ (၃) စီးဖြင့် သွားရောက် ပူးပေါင်းဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။   Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events