ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စုရှိ ပန်းကုန်းကျေးရွာနှင့် ငါးနက်ပြာ ကျေးရွာ ၊ ဆင်ကျူးကျေးရွာအုပ်စု ရှိ တောကြီးကုန်းကျေးရွာ တို့အတွက် (၈-၅-၂၀၁၆)ရက်နေ့၌ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့် ဘားအံခရိုင် ထွေအုပ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူများပူးပေါင်း ၍ ကျေးရွာနေပြည်သူ များသို့ သုံးရေဂါလံ (၂၄၀၀) နှင့် သောက်သုံးရေ(၃၁၉၀) လီတာအား သွားရောက်လျူဒါန်းခဲ့ပါသည်၊၊