SSB (Single Side Band – High Frequency) အထိုင်စက်များ တပ်ဆင်ပြီးစီးမှုသတင်း

ssb2လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (၄-၅-၂၀၁၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟန်ကင်းကျေးရွာအနီးရှိ မြေပြိုဆည်အနီး၌ SSB (Single Side Band -High Frequency) အထိုင်စက်များ သွားရောက်တပ်ဆင်ခဲ့ပြီး ၄င်းစက်များသည် မြန်မာနိုင်ငံအတွင်း မည့်သည့်နေရာမဆို ဆက်သွယ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
အဆိုပါ SSB (Single Side Band -High Frequency) အထိုင်စက်များအား နေပြည်တော်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင်လည်းကောင်း၊ ဧရာဝတီတိုင်းတွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်းကောင်း အသီးသီးတပ်ဆင်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း (၁၇) လုံးအား တပ်ဆင်ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ယခုတပ်ဆင်ပြီးစီးခဲ့သည့် မြေပြိုဆည်အနီး ဟန်ကင်းကျေးရွာရှိ SSB (Single Side Band -High Frequency) အထိုင်စက်မှတဆင့် ရာသီဥတုအခြေအနေနှင့် မြေပြိုဆည်၏ဘေးအန္တရာယ်ဖြစ်ပွားနိုင်မှုအခြေအနေများအား နေ့စဉ်သတင်းပေးပို့လျက်ရှိပြီး၊ အကယ်၍ သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Sign Up

Upcoming Events