ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ နှင့် မြေပြိုမှုကြောင့် သေဆုံးသူများအား ထောက်ပံ့ငွေပေးအပ်မှုသတင်း

2 3ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၈-၅-၂၀၁၆) ရက်နေ့တွင် ကချင် ပြည် နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် အတွင်းရှိ ဆိတ်မူကျေးရွာအုပ်စုမှ ကျေးရွာ(၆)ရွာရှိ အမိုးလန် ပျက်စီး နေအိမ် (၃၀၉) အိမ်ထောင်စုအတွက် တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်ဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၆၁၈၀၀၀၀) ကျပ် နှင့် (၅-၅-၂၀၁၆) နေ့တွင် ဖြစ်ပွား သောမြေပြိုဘေးကြောင့် သေဆုံးသူ (၁၃)ဦး တို့အတွက် (၁)ဦးလျှင် (၁၀၀၀၀၀)ကျပ် နှုန်းဖြင့် (၁၃၀၀၀၀၀) ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် လေဘေးသင့် ပြည်သူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များသို့ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events