Author Archives: RRD

  • မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်ပိုစတာပြပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်ပိုစတာပြပွဲကို မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ (၁၄-၅-၂၀၁၆) ရက်နေ့၊ နံနက် (၁ဝ) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးက မီးဘေး၊ ရေဘေး၊ လေဘေး မိုးကြိုးဘေးနှင့် အယ်နီညိုဖြစ်စဉ်အပေါ် ဆောင်ရန်၊ ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး ခရိုင်ပြန်ဆက်ဦးစီးမှူးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး အင်အား (၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more

  • မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ အမှတ်(၂)ရပ်ကွက် မီးဘေးသင့် ပြည်သူများအားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၁၂- ၅ -၂၀၁၆)ရက်နေ့ တွင် မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊အမှတ်(၂)ရပ်ကွက်၌ည(၂၂းဝ၀)အချိန်တွင်မီးလောင်မူဖြစ်ပွါးခဲ့ရာ (၁၃- ၅ -၂၀၁၆)ရက်နေ့ တွင် မီးဘေးသင့် အိမ်ထောင်စု(၁)စု မှသေဆုံးသူ (၃)ဦးအတွက် ကယ်ဆယ်ရေး ထောက်ပံ့ငွေကျပ်သုံးသိန်းကိုသေဆုံးသူမိခင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရှိရပါသည်။

  • မကွေးတိုင်းဒေသကြီး၊ သရက်မြို့နှင့် ကံမမြို့ရှိ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် မေလ (၁၂) ရက်နေ့တွင် အမြဲတမ်းအတွင်း၀န် ဦးစိုးအောင် နှင့် တာ၀န်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှုများ ကြုံတွေ့ခဲ့ရသည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နှင့် ကံမမြို့သို့ သွားရောက်ခဲ့ပါသည်။ မေလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ သရက် မြို့နယ်၊ ပါးပွတ်ကျေးရွာ၊ အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်သော သရက်မြို့နယ် လေဘေး သင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး‌ငွေနှင့်ဆန်ရိက္ခာဖိုး‌ငွေများ ထောက်ပံ့ပွဲသို့ တက်ရောက်ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီးမှ … Read more

Sign Up

Upcoming Events