မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်ပိုစတာပြပွဲ ကျင်းပပြုလုပ်မှုသတင်း

1 2 3

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်ပိုစတာပြပွဲကို မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ (၁၄-၅-၂၀၁၆) ရက်နေ့၊ နံနက် (၁ဝ) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးက မီးဘေး၊ ရေဘေး၊ လေဘေး မိုးကြိုးဘေးနှင့် အယ်နီညိုဖြစ်စဉ်အပေါ် ဆောင်ရန်၊ ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး ခရိုင်ပြန်ဆက်ဦးစီးမှူးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး အင်အား (၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events