ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာခရိုင်၊ ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ အုပ်စု (ကူးတို့ဆိပ်၊ နှစ်အိမ်တန်း၊ ထုံးဖွတ်) ကျေးရွာများတွင် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာခရိုင်၊ ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ အုပ်စု (ကူးတို့ဆိပ်၊ နှစ်အိမ်တန်း၊ ထုံးဖွတ်) ကျေးရွာများတွင် (၂၇-၄-၂၀၁၆ မှ ၆-၅-၂၀၁၆) ရက်နေ့ထိ ကမ်းပြိုမှုဖြစ်ပွားခဲ့သောကြောင့် နေအိမ် (၁၂၉) လုံးမှ လူဦးရေ ကျား (၃၄၃) ဦး၊ မ (၂၆၅) ဦး၊ စုစုပေါင်း (၆၀၈) ဦးအတွက် (၁-၅-၂၀၁၆) ရက်နေ့တွင် ဘေးသင့်အိမ်ထောင်စု (၈၈) စုအတွက် ကယ်ဆယ်ပစ္စည်း (၄) မျိုးကိုလည်းကောင်း၊ (၃-၅-၂၀၁၆) ရက်နေ့တွင် (၄၆၆) ဦးအတွက် ဆန်(၃) ရက်စာ ထောက်ပံ့ငွေ (၄၁၉,၄၀၀) ကျပ်ကိုလည်းကောင်း၊ (၈-၅-၂၀၁၆) ရက်နေ့တွင် အိမ်ထောင်စု (၄၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကိုလည်းကောင်း၊ (၁၁-၅-၂၀၁၆) ရက်နေ့တွင် လူဦးရေ(၁၄၂) ဦးအတွက် ဆန် (၃) စာအတွက် (၁၂၇,၈၀၀) ကျပ်ကိုလည်းကောင်း၊ (၁၂-၅-၂၀၁၆) ရက်နေ့တွင် ဘေးသင့်လူဦးရေ (၆၀၈) ဦးအတွက် ဆန် (၅) ရက်စာ ထောက်ပံ့ရာတွင် (၃) ရက်စာ ထောက်ပံ့ပြီးဖြစ်သည့်အတွက် ကျန်ရှိသော (၂) ရက်စာ အတွက် (၃၆၄,၈၀၀) ကျပ်နှင့် ဘေးသင့်အိမ်ခြေ (၁၂၉) လုံးအတွက် (၁) အိမ်လျင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆,၄၅၀,၀၀၀) ကျပ်ကို ထောက်ပံ့ခဲ့ရာ စုစုပေါင်းမှာ ဘေးသင့်အိမ်ထောင်စု (၁၂၉) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုး၊ လူဦးရေ (၆၀၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၉၁၂,၀၀၀) ကျပ်နှင့် အိမ်ခြေ (၁၂၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆,၄၅၀,၀၀၀) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events