ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန နှင့် UNOCHA အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ပြီး mobile application အသုံးပြု၍ အချက်အလက်များ ကောက်ယူခြင်း ပါဝင်သော အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးအစီအစဉ် နှင့် ပတ်သက်၍ “Half-day Awareness Session on Assessment Preparedness (MIRA and Kobo updates)” ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်ကို (၁၂-၅-၂၀၁၆) ရက်နေ့တွင် EOC အဆောက်အဦ အသစ်၌ ကျင်းပခဲ့ ပါသည်၊၊ အဆိုပါ ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ UNOCHA တို့မှ တာဝန်ရှိသူကိုယ်စားလှယ်(၂) ဦးစီ တက်ရောက်ခဲ့ကြပါသည်၊၊