Author Archives: RRD

  • ကျောက်မဲတိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၁၇-၅-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ ကျောက်မဲတိုက်ပွဲရှောင်ပြည်သူ (၈၀၄) ဦးအတွက် ဆန် (၃) ရက်စာ စုစုပေါင်း (၇၂၃၆၀၀) ကျပ်အား သွားရောက်ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။

  • ကျောက်မဲမြို့ရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၁၇-၅-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ လေဘေးကြောင့် ပျက်စီးခဲ့သော အမိုးလန်အိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၂၀၀၀၀/-) ကျပ်အား သွားရောက်ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။

  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၌ လေဘေးဖြစ်ပွားမှုအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာထောက်ပံ့ခြင်း

    ၁။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၌ (၁၇-၅-၂၀၁၆)ရက်နေ့ (၁၅း၄၀) နာရီအချိန်ခန့်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်(၁)ပင် ပြိုလဲခဲ့ရာ နေအိမ်(၂)လုံး သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့သဖြင့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၆)ဦး ဘေးသင့်ခဲ့ပါသည်။ ၂။ အဆိုပါနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၃)ရက်စာ (၅၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၂)စုစာအား ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ (၁၇-၅-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events