ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၁၃-၅-၂၀၁၆) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ် (၂၀) လုံး ပျက်စီး ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၁၈-၅-၂၀၁၆) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀/-) ကျပ်အား သွားရောက်ထောက်ပံ့ပေးပြီဖြစ်ကြောင်း သိရှိရ ပါသည်။