ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၌ လေဘေးဖြစ်ပွားမှုအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာထောက်ပံ့ခြင်း

၁။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၌ (၁၇-၅-၂၀၁၆)ရက်နေ့ (၁၅း၄၀) နာရီအချိန်ခန့်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်(၁)ပင် ပြိုလဲခဲ့ရာ နေအိမ်(၂)လုံး သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့သဖြင့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၆)ဦး ဘေးသင့်ခဲ့ပါသည်။

၂။ အဆိုပါနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၃)ရက်စာ (၅၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၂)စုစာအား ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ (၁၇-၅-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events