ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၅-၂၀၁၆) ရက်နေ့ ကျိုင်းတုံမြို့နယ်၊ မိုင်းအင်းကျေးရွာအုပ်စု၊နားအုပ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၈)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးဘိုးငွေ (၄၀၀၀၀၀/-) အားလည်းကောင်း၊ လူဦးရေ (၅၈) ဦးအတွက် ဆန်ရိက္ခာ (၃)ရက် စာဘိုးငွေ (၅၂၂၀၀/-) အား လည်းကောင်း၊ စုစုပေါင်း(၄၅၂၂၀၀/-) ကျပ်အားထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။