ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သဲကုန်းကျေးရွာ၊ သူဌေးကျေးရွာ၊ တောင်တီးကျေးရွာများတွင် (၁၃-၅-၂၀၁၆) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးဒုက္ခကြုံတွေ့နေရသော လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၁၈-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးပြီဖြစ်ကြောင်း သိရှိရပါသည်။