Author Archives: RRD
-
ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်း (၁၇-၅-၂၀၁၆) ရက်နေ့၌ လေပြင်း တိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် လှည်းဆိပ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာတွင် ပြိုကျနေအိမ်(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်း တစ်အိမ်လျှင် ကျပ်(၅၀၀၀၀/-)နှုန်းဖြင့် ကျပ်(၃၀၀၀၀၀/-)အားလည်းကောင်း၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာတွင် အမိုးလန်နေအိမ်(၁၃)လုံး၊ အုန်းပင်စုကျေးရွာတွင် အမိုးလန်နေအိမ်(၂)လုံး၊ လှည်းဆိပ်ကျေးရွာတွင် အမိုးလန်နေအိမ်(၃)လုံး၊ ဆိပ်ဖူးနီကျေးရွာအုပ်စု၊ ဆိပ်ဖူးနီကျေးရွာတွင် အမိုးလန်နေအိမ်(၁)လုံး၊ စုစုပေါင်းအမိုးလန်အိမ်ခြေ(၁၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်း(၁)အိမ်လျှင် ကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ကျပ်(၃၈၀၀၀၀/-) အားလည်းကောင်း၊ လူဦးရေ ကျား (၅၃)ဦး၊ မ (၄၆)ဦး၊ စုစုပေါင်း (၉၉)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ … Read more
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်ရှိ လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့မှု သတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်တွင် (၁၃-၅-၂၀၁၆) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော အမိုးလန်အိမ် (၂၉) လုံးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၁၈-၅-၂၀၁၆) ရက်နေ့ တွင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၀၀၀၀/-) အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မိုးကြိုးဘေးသင့်သူအတွက်ထောက်ပံ့မှုသတင်း
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ကျွဲခြံဖျားကျေးရွာတွင် (၁၇-၅-၂၀၁၆) နေ့တွင် မိုးကြိုးပစ်၍ သေဆုံးခဲ့သူ၏ မိဘများထံသို့ထောက်ပံ့ငွေ ကျပ် (၁၀၀၀၀၀) အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူမှ (၁၈-၅-၂၀၁၆) နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံး သံအမတ်ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ (၁၈) ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E.Mr. Mohammad Sufiur Rahman ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံံ၏ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရာတွင် စားနပ်ရိက္ခာစုဆောင်းထားရှိမှုနှင့်ပတ်သက်၍ ၎င်းတို့နိုင်ငံ၏ ရှေးရိုးစဉ်လာ ဆောင်ရွက်မှုအတွေ့အကြုံများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် ကူညီပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို နှစ်နိုင်ငံပူးပေါင်းတုန့်ပြန်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ အလားတူ (၁၄:၀၀) … Read more
-
ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ အောင်မေတ္တာ (၂) ရပ်ကွက်နှင့် ငွေတောင်ရပ်ကွက်များရှိ ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးခြင်းနှင့် ရေသန့်ဆေးလွှဲပြောင်းပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ အောင်မေတ္တာ (၂) ရပ်ကွက်နှင့် ငွေတောင်ရပ်ကွက်များရှိ အိမ်ထောင်စု (၂၂၆) စု၊ လူဦးရေ (၁၁၅၀) ဦးတို့အတွက် ရေဂါလံ (၄၂၀၀) သွားရောက်ဖြန့်ဝေပေးခဲ့ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံသို့ ရေသန့်ဆေး (၅) ဖာ အား လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
-
“ဆယ်ကျော်သက်လူငယ်များညီလာခံအခမ်းအနား” ကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ မေလ (၁၈) ရက် မြန်မာနိုင်ငံတွင် အသက် (၁၀) နှစ်မှ (၁၉) နှစ်အရွယ်ရှိသော ဆယ်ကျော်သက်ဦးရေသည် နိုင်ငံ့ဦးရေ၏ ၂၁.၄၆% ရှိသဖြင့် နိုင်ငံတော်၏ကြီးမားသော အင်အားတစ်ရပ်ဖြစ်ပြီး ဆယ်ကျော်သက်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို “နိုင်ငံ့အနာဂတ်တိုးတက်ဖို့ ဆယ်ကျော်သက်ကဏ္ဍမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးပြုသော လူကြီးများဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆယ်ကျော်သက်များကိုယ်တိုင်က မိမိတို့ ထင်မြင်ယူဆချက်များကို ဖော်ထုတ်၍ အချင်းချင်းပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့တို့အတွက် ဆယ်ကျော်သက်ကွန်ယက်တစ်ခု ထူထောင်နိုင်ရန်နှင့် ပြည်သူလူထုတစ်ရပ်လုံးက ဆယ်ကျော်သက်လူငယ်များ ဖွံ့ဖြိုးရေးမှာ … Read more
-
(၁၈-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဆည်မြို့နယ်၊ ရေသရောက်ကျေးရွာ၌ သဘာဝဘေးပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးထွန်း၊ ဦးစီးအရာရှိ ဒေါ်ဇာမွန်ဦးနှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့နယ်၊ ရေသရောက်ကျေးရွာ၌ သဘာဝဘေးပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၂၀၀) ဦး တက်ရောက်ခဲ့ပြီး၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၁၈-၅-၂၀၁၆ ) ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ သည် (၁၈ -၅-၂၀၁၆ ) ရက်နေ့တွင် ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာရှိ အိမ်ခြေ (၁၅၀)အတွက်သောက်သုံးရေဂါလံ(၁၀၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း နှင့် ရေသန့်ဆေးအထုပ်သေး (၂၄၀) ထုပ်အား ရေဖြူကန်ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အသုံးပြုပုံကိုလည်း သရုပ်ပြသခဲ့ကြောင်း သိရှိရပါသည်။
-
(၁၇-၅-၂၀၁၆) ရက်နေ့တွင် မြဝတီမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ သစ္စာ (၂) လမ်းရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၆) ရက်နေ့တွင် မြဝတီမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ သစ္စာ(၂) လမ်းရှိ ပြည်သူများအား သောက်သုံးရေဂါလန် (၁၀၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကျိုင်းတုံမြို့နယ်၊ အမှတ် ၄ရပ်ကွက်၊ ကျိုင်းလိတ်မြို့သစ် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုအခြေအနေသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈ -၅-၂၀၁၆) ရက်နေ့ ကျိုင်းတုံမြို့နယ်၊ အမှတ် ၄ရပ်ကွက်၊ ကျိုင်းလိတ်မြို့သစ် မီးဘေးသင့် အိမ်ထောင်စု (၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း( ၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/- )၊ဆန်ရိက္ခာ (၇)ဦးအတွက် (၆၃၀၀/-)၊ စုစုပေါင်း (၁၀၆၃၀၀/-)ကျပ်အားထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
