ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း

ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်း (၁၇-၅-၂၀၁၆) ရက်နေ့၌ လေပြင်း တိုက်ခတ်မှုကြောင့်  လေဘေးသင့်ခဲ့သည့် လှည်းဆိပ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာတွင် ပြိုကျနေအိမ်(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်း တစ်အိမ်လျှင် ကျပ်(၅၀၀၀၀/-)နှုန်းဖြင့် ကျပ်(၃၀၀၀၀၀/-)အားလည်းကောင်း၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာတွင် အမိုးလန်နေအိမ်(၁၃)လုံး၊ အုန်းပင်စုကျေးရွာတွင် အမိုးလန်နေအိမ်(၂)လုံး၊ လှည်းဆိပ်ကျေးရွာတွင် အမိုးလန်နေအိမ်(၃)လုံး၊ ဆိပ်ဖူးနီကျေးရွာအုပ်စု၊ ဆိပ်ဖူးနီကျေးရွာတွင် အမိုးလန်နေအိမ်(၁)လုံး၊ စုစုပေါင်းအမိုးလန်အိမ်‌ခြေ(၁၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်း(၁)အိမ်လျှင် ကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ကျပ်(၃၈၀၀၀၀/-) အားလည်းကောင်း၊ လူဦးရေ ကျား (၅၃)ဦး၊ မ (၄၆)ဦး၊ စုစုပေါင်း (၉၉)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ ကျပ်(၈၉၁၀၀/-) အားလည်းကောင်း ဘေးသင့်ပြည်သူများလက်၀ယ်သို့ အရောက်ကွင်းဆင်း၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိတာ၀န်ရှိသူများမှ (၁၈-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Sign Up

Upcoming Events