လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ အောင်မေတ္တာ (၂) ရပ်ကွက်နှင့် ငွေတောင်ရပ်ကွက်များရှိ အိမ်ထောင်စု (၂၂၆) စု၊ လူဦးရေ (၁၁၅၀) ဦးတို့အတွက် ရေဂါလံ (၄၂၀၀) သွားရောက်ဖြန့်ဝေပေးခဲ့ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံသို့ ရေသန့်ဆေး (၅) ဖာ အား လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။