Author Archives: RRD
-
(၁၉-၅-၂၀၁၆ ) နတ်တလင်းမြို့နယ်၊ညောင်ကုန်ရွာ၊ငှက်ကုန်းရွာ၊ကံကလေးရွာ၊လဲတောရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၁၉ -၅-၂၀၁၆ ) ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ညောင်ကုန်ရွာ၊ငှက်ကုန်းရွာ၊ကံကလေးရွာ၊လဲတောရွာများရှိ အိမ်ထောင်စု(၁၉၆)၊လူဦးရေ(၇၅၄)ဦးတို့အတွက် သောက်ရေသန့် (၂၀)လီတာဗူး (၃၀၀) ဗူးအားဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။
-
အရေးပေါ်အခြေအနေတွင် ရေနှင့်တစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးဆိုင်ရာ သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် Solidarites International အဖွဲ့အစည်းတို့ပူးပေါင်း၍ အရေးပေါ်အခြေအနေတွင် ရေနှင့်တစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးဆိုင်ရာသင်တန်းကို (၁၇-၅-၂၀၁၆) မှ (၁၉-၅-၂၀၁၆) ထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်လျက်ရှိရာ (၁၈-၅-၂၀၁၆) ရက်နေ့ (၁ဝ:ဝ၀) အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေး ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ကယ်ဆယ်ရေးကူညီထောက်ပံ့မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆွေးနွေးဟောပြောခဲ့ပြီး အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသူ/သား (၂၅) ဦးတက်ရောက်ကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်အတွင်း သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်တိုက်ပွဲရှောင်ပြည်သူများ အတွက်ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် (၁၉-၅-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိပြီး ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ပြည်နယ်၀န်ကြီးချုပ်ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီး များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်တွေ့ဆုံပြီး သဘာ၀ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင် ကာကွယ် ရေး၊ တုံ့ပြန်ရေးလုပ်ငန်းများ၊ တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ရေးလုပ်ငန်းများ၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်၀န်ကြီးချုပ်ဦးညီပုမှ ရခိုင် ပြည်နယ်အတွင်း သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စု၀န်ကြီးမှ မိမိတို့နိုင်ငံသည် ပထဝီ၀င်တည်ရှိပုံအနေအထား၊ ရာသီဥတုအခြေအနေတို့အရ သဘာ၀ဘေးမျိုးစုံဖြစ်ပွားနိုင်သည့် … Read more
-
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ဟိုပန်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးမှုသတင်း
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ဟိုပန်ကျေးရွာ၌ (၆-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် နမ့်ခမ်းမြို့နယ်၊ ဟိုပန်ကျေးရွာရှိ အိမ်ခြေ (၆၂) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) လုံးလျှင် (၅၀၀၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃၁၅) သိန်းနှင့် (၅၄) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးများအား (၁၉-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လာရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ မြို့နယ်အထောက်အကူပြုအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ယနေ့ ဖြစ်ပေါ်လျှက်ရှိနေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်မည်ဟု မိုးဇလပညာရှင်များမှ ခန့်မှန်းထားပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် လက်ရှိအြေခအနေအရ အဝါရောင်အဆင့် သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသော်လည်း မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်းနှင့် နိုင်ငံတော်အဆင့်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရုံး ဖွင့်လှစ်နိုင်ရေးအတွက် (၁၉-၅-၂၀၁၆)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် နံနက်(၁၀:၀၀)နာရီမှစ၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ရာ ဌာနမှ … Read more
-
(၁၈-၅-၂၀၁၆ ) ရှမ်းပြည်နယ် ၊ ညောင်ရွှေမြို့နယ် ကျောင်းတောင်ကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ သည် (၁၈ -၅-၂၀၁၆ ) ရက်နေ့တွင် ရှမ်းပြည်နယ် ၊ ညောင်ရွှေမြို့နယ်၊ ကျောင်းတောင်ကျေးရွာသို့ သောက်သုံးရေဂါလံ(၄၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ၊ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများ သည် (၁၉. ၅. ၂၀၁၆)ရက်နေ့ တွင်ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ၊ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုတွင် သဘာဝဘေးပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၁၀၀) ဦး တက်ရောက်ခဲ့ပြီး၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
-
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာတွင် သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာတွင် သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း(၁/၂၀၁၆)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ တိုင်းဦးစီးမှူးရုံးရှိတာ၀န်ရှိသူများမှ ဦးဆောင်၍ သင်တန်းသားဦးရေ (၃၀)ဦး ဖြင့် (၁၈-၅-၂၀၁၆)ရက်နေ့မှ (၂၀-၅-၂၀၁၆)ရက်နေ့အထိ ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရှိရပါသည်။
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တဲချောင်းကျေးရွာနေ ပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၆) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ တဲချောင်း ကျေးရွာနေ အိမ်ခြေ (၈၄)၊ လူဦးရေ (၃၇၉) ဦးအတွက် ရေဂါလံ (၁၂၀၀) အား စက်လှေဖြင့် သွားရောက်ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပြင်ဝန်းကျေးရွာနေ ပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၆) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ပြင်ဝန်း ကျေးရွာနေ အိမ်ခြေ (၃၃)၊ လူဦးရေ (၁၈၇) ဦးအတွက် ရေဂါလံ (၄၀၀) အား စက်လှေဖြင့် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
