ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် Solidarites International အဖွဲ့အစည်းတို့ပူးပေါင်း၍ အရေးပေါ်အခြေအနေတွင် ရေနှင့်တစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးဆိုင်ရာသင်တန်းကို (၁၇-၅-၂၀၁၆) မှ (၁၉-၅-၂၀၁၆) ထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်လျက်ရှိရာ (၁၈-၅-၂၀၁၆) ရက်နေ့ (၁ဝ:ဝ၀) အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေး ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ကယ်ဆယ်ရေးကူညီထောက်ပံ့မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆွေးနွေးဟောပြောခဲ့ပြီး အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသူ/သား (၂၅) ဦးတက်ရောက်ကြောင်း သိရှိရပါသည်။