ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ဟိုပန်ကျေးရွာ၌ (၆-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် နမ့်ခမ်းမြို့နယ်၊ ဟိုပန်ကျေးရွာရှိ အိမ်ခြေ (၆၂) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) လုံးလျှင် (၅၀၀၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃၁၅) သိန်းနှင့် (၅၄) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးများအား (၁၉-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လာရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ မြို့နယ်အထောက်အကူပြုအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။