Author Archives: RRD
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
(၂၆-၅-၂၀၁၆) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်အတွင်းရှိ ပြင်းငယ်ကျေးရွာအုပ်စု၊ မော်တောင်ရွာ၊ ရင်းအုံရွာ၊ ဆံလှတောင်ရွာ၊ သစ်တောင်ရွာနှင့် ကျောင်းတောင်ရွာအတွင်းရှိ ကျေးရွာသူ/ကျေးရွာသားများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ မုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ကာကွယ်ဆောင်ရွက်မှုများ၊ မိုးကြိုးဘေးအတွက် ရှောင်ရန်/ဆောင်ရန်များ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဦးစီး ဌာနမှ ဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/သားများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ရေတွင်းတူးဖော်ရန်အတွက် မော်တော်ယာဉ်ဖြင့် ရေလိုက်လံပို့ဆောင်ပေးနေသည့် ဇေယျသုခရေလှူအသင်းသို့ ငွေကျပ် (၁၄၈) သိန်း ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရေရှားပါးသောကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် ရေလိုက်လံပို့ဆောင်ပေးနေသည့် ဇေယျသုခရေလှူအသင်းသို့ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ရေတွင်းတစ်တွင်းတူးဖော်ရန်အတွက် ငွေကျပ် (၁၄၈) သိန်းကို (၂၆-၅-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး ရေတွင်းတူးမည့်မြေနေရာသို့ အသင်းနာယကအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိများနှင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းတို့က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
၅-၅-၂၀၁၆ ရက်နေ့၊ ကွမ်းခြံကုန်းမြို့နယ် မှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
ရန်ကုန်တိုင်းဒေသကြီး ၊ ကွမ်းခြံကုန်းမြို့နယ် ၊ တောင်ကုန်းကျေးရွာအုပ်စု မြကျွန်းသာကျေးရွာတွင် ၂၃-၅-၂၀၁၆ ရက်နေ့ ညနေ ၁၆:၃၀ အချိန် လေဆင်နှာမောင်းတိုက်ခတ်ခဲ့၍ နေအိမ်(၁၀)လုံးပြိုကျပြီး ၊ နေအိမ် (၄)လုံး အမိုးလန်ပျက်စီးကာ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၀) လေဘေးသင့်ခဲ့၍ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးမှ အရာထမ်း အမှုထမ်းများ မှ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးပါ အိမ်ထောင်စု (၁၄)စုစာ ၊ အိမ်ဆောက်ပစ္စည်း နှင့် ဆန်ဘိုးထောက်ပံ့ငွေကျပ် (၆၁၆၀၀၀)အား ကွမ်းခြံကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဦးစီးဌာန၏ … Read more
-
စဉ့်ကူးမြို့နယ်၊ မြို့ကွက် (၁) ရပ်ကွက်ရှိ ဓာတ်လိုက်သေဆုံးသူ ကလေးများကို ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စဉ့်ကူးမြို့နယ်၊ မြို့ကွက် (၁)ရပ်ကွက်ရှိ ဓာတ်လိုက်သေဆုံးသူ၊ ကလေး (၄) ဦးအတွက် ထောက်ပံ့ငွေ (၄၀၀,၀၀၀) ကျပ်ကို (၂၅-၅-၂၀၁၆) ရက်နေ့တွင် စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦးတို့နှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရွှေလှေချောင်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ၌ မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းနှင့် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်မှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် LWF အဖွဲ့အစည်းတို့ပူးပေါင်း၍ (၂၅-၅-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရွှေလှေချောင်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ၌ “မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းနှင့် အသိပညာပေးဆွေးနွေးပွဲ” ကို ပြည်သူအင်အား (၂၈၀) ကျော်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဆပ်ကွင်းကျေးရွာနေ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေ ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဆပ်ကွင်းကျေးရွာတွင် (၂၃-၅-၂၀၁၆) ရက်နေ့ လေဘေးကြောင့် အမိုးလန် နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀/-)၊ လူဦးရေ (၅) ဦး အတွက် ဆန်ရိက္ခာ (၃) ရက်စာ (၄၅၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၄၄၅၀၀/-) အား (၂၅-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)မှ ကွင်းဆင်းထောက်ပံ့ခဲ့ ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွါးသင်တန်းဖွင့်လှစ်ခြင်းသတင်း
(၂၅.၅.၂၀၁၆)ရက်နေ့ တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် နည်းပြများ၊ သင်တန်းသား/သူများ အင်အား(၅၅)ဦးတက်ရောက် ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ ကျေးရွာ (၅) ရွာနေ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေ ထောက်ပံ့ပြီးစီးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ စွန်သိုက်၊ တော်တလုပ်၊ ပန်းပင်စု၊ ငါးကျီးဂရက်၊ မလက်တိုကျေးရွာတို့တွင် (၂၃-၅-၂၀၁၆) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၅၀၀၀၀/-)၊ အမိုးလန်နေအိမ် (၃၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၃၈) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၆၀၀၀၀/-)၊ လူဦးရေ (၂၂၃) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ (၂၀၀၇၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၂၀၁၀၇၀၀/-) … Read more
-
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၆) ဖွင့်ပွဲ အခမ်းအနားကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရက် (၁၀၀) စီမံ ချက်လုပ်ငန်းစဉ်အရ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ်(၁/၂၀၁၆) ဖွင့်ပွဲ အခမ်းအနား အား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်ထွေအုပ်ရုံး အစည်းအဝေးခန်းမ၌ (၂၅-၅-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ၊ စုစုပေါင်း လူဦးရေ (၅၆) ဦး တက်ရောက် ခဲ့ပါကြောင်း သိရှိရပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးများမှ လာရောက်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၂၅ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်နိုင်ငံသံအမတ် H.E Mr.Paul R. Seger ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီပေးအပ်ခဲ့သည့် ကိစ္စရပ်များ၊ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက တုန့်ပြန်ဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက Focal ဆောင်ရွက်မည့် ပုဂ္ဂိုလ်ထားရှိပေးရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန (EOC) သို့ ပံ့ပိုးကူညီရန်ကိစ္စရပ်များ၊ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ် များ၊ ရခိုင်ပြည်နယ်ရှိ … Read more
