သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

kl(၂၆-၅-၂၀၁၆) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်အတွင်းရှိ ပြင်းငယ်ကျေးရွာအုပ်စု၊ မော်တောင်ရွာ၊ ရင်းအုံရွာ၊ ဆံလှတောင်ရွာ၊ သစ်တောင်ရွာနှင့် ကျောင်းတောင်ရွာအတွင်းရှိ ကျေးရွာသူ/ကျေးရွာသားများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ မုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ကာကွယ်ဆောင်ရွက်မှုများ၊ မိုးကြိုးဘေးအတွက် ရှောင်ရန်/ဆောင်ရန်များ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဦးစီး ဌာနမှ ဆောင်ရွက်ပေးနေမှုများအား  ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/သားများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

source:           မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events