လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရေရှားပါးသောကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် ရေလိုက်လံပို့ဆောင်ပေးနေသည့် ဇေယျသုခရေလှူအသင်းသို့ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ရေတွင်းတစ်တွင်းတူးဖော်ရန်အတွက် ငွေကျပ် (၁၄၈) သိန်းကို (၂၆-၅-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး ရေတွင်းတူးမည့်မြေနေရာသို့ အသင်းနာယကအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိများနှင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းတို့က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)