ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ ကျေးရွာ (၅) ရွာနေ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေ ထောက်ပံ့ပြီးစီးမှုသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ စွန်သိုက်၊ တော်တလုပ်၊ ပန်းပင်စု၊ ငါးကျီးဂရက်၊ မလက်တိုကျေးရွာတို့တွင် (၂၃-၅-၂၀၁၆) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၅၀၀၀၀/-)၊ အမိုးလန်နေအိမ် (၃၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၃၈) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၆၀၀၀၀/-)၊ လူဦးရေ (၂၂၃) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ (၂၀၀၇၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၂၀၁၀၇၀၀/-) အား (၂၅-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events