ရန်ကုန်တိုင်းဒေသကြီး ၊ ကွမ်းခြံကုန်းမြို့နယ် ၊ တောင်ကုန်းကျေးရွာအုပ်စု မြကျွန်းသာကျေးရွာတွင် ၂၃-၅-၂၀၁၆ ရက်နေ့ ညနေ ၁၆:၃၀ အချိန် လေဆင်နှာမောင်းတိုက်ခတ်ခဲ့၍ နေအိမ်(၁၀)လုံးပြိုကျပြီး ၊ နေအိမ် (၄)လုံး အမိုးလန်ပျက်စီးကာ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၀) လေဘေးသင့်ခဲ့၍ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးမှ အရာထမ်း အမှုထမ်းများ မှ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးပါ အိမ်ထောင်စု (၁၄)စုစာ ၊ အိမ်ဆောက်ပစ္စည်း နှင့် ဆန်ဘိုးထောက်ပံ့ငွေကျပ် (၆၁၆၀၀၀)အား ကွမ်းခြံကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှု များရှင်းလင်းပြီး ထောက်ပံ့ရေးပစ္စည်းများကို ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်၊၊