Author Archives: RRD
-
မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (၂၀၁၆) ရေးဆွဲရေး ဒုတိယအကြိမ် အစည်းအဝေးကျင်းပမှုသတင်း
နေပြည်တော် ဇန်နဝါရီ (၁၀) ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ြခင်း ြဖင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ြပည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိရေး မူဝါဒကိုချမှတ်လျက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက်တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသော “မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးလုပ်ငန်း စီမံချက်ရေးဆွဲရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ််ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး … Read more
-
ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့်နေရာများတွင် DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် DAN Moblie Application Sticker များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၇) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ Mobile Phone အရောင်းစင်တာများ၌ ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား လိုက်လံရှင်းပြခဲ့ပြီး အများပြည်သူသွားလာလျက်ရှိသည့်နေရာများ၌ စတစ်ကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၇) ရက်နေ့တွင် ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခင်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၅၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source : စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးအသိပညာပေး ဆွေးနွေးမှုသတင်း
ဖျာပုံခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၀-၁-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့ အ.ထ.က (၂) ကျောင်း၌ ကျောင်းသား/သူများအား မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဆွေးနွေး၍ လက်ကမ်းစာစောင်များ နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application ကို မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုပုံအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ ပန်ကွမ်ကျေးရွာအုပ်စု၊ ပန်ဖျက်ကျေးရွာ၌ မြေပြိုမှုကြောင့် သေဆုံးခဲ့သူတစ်ဦး၏ မိသားစုအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
(၇-၁-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ ပန်ကွမ်ကျေးရွာအုပ်စု ပန်ဖျက်ကျေးရွာ၌ မြေပြိုမှုကြောင့် သေဆုံးခဲ့သူတစ်ဦး၏ မိသားစုအတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်တိတိအား (၁၀-၁-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိများက ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ပျားကနဲကျေးရွာတွင် (၈-၁-၂၀၁၇) ရက်၊ (၁၃:၀၅) နာရီအချိန် ဖြစ်ပွားခဲ့သည့် မီးဘေးသင့် (၁) အိမ်ထောင်၊ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးပါ Family kit (၁) စုံ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀ဝိ/-) နှင့် ဆန်ရိက္ခာ (၃) ရက်စာ (၄၅၀ဝိ/-) တို့ကို (၉-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ DAN Mobile Application & DAN Mobile Application Sticker ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၀-၁-၂၀၁၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက်(၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါ အဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Mobile Application … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ အမှတ် (၉) ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မျှောပါခဲ့ရသော နေအိမ်များမှ ဘေးသင့်ပြည်သူများနှင့် ရေနစ်မြုပ်လျက်ရှိသည့် နေအိမ်များမှ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်း
(၉-၁-၂၀၁၇) ရက်နေ့၊ (၂ဝး၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ အမှတ် (၉) ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေမျှောပါ နေအိမ် (၄) လုံးနှင့် နစ်မြုပ်နေအိမ် (၇) လုံးမှ (၁၂) နှစ်အထက် ကျား (၁၈) ဦး မ (၁၆) ဦး၊ (၁၂) နှစ်အောက် ကျား (၈) ဦး မ (၈) ဦး စုစုပေါင်းလူဦးရေ (၅၀) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု နည်းပြသင်တန်းဖွင့်ပွဲ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာ့သဘာဝဘေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းအဖွဲ့ (MCCDDM) တို့ပူးပေါင်းဖွင့်လှစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု နည်းပြသင်တန်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဒီရာဟိုတယ်တွင် (၉ -၁- ၂၀၁၇) ရက်နေ့ (၁ဝး၃၀) အချိန်တွင် ဖွင့်လှစ်ခဲ့ပြီး ကချင် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်မှ အဖွင့်အမှာစကားပြောကြားပြီး ACTED MYANMAR အဖွဲ့အစည်း Mr.Mac သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့သဘာဝ ဘေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းအဖွဲ့ (MCCDDM) မှ Ms.Sreeja က … Read more
-
“မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်ရေးဆွဲရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့၏ဒုတိယအကြိမ်အစည်းအဝေး” ကျင်းပပြုလုပ်မှုသတင်း
“မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်ရေးဆွဲရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့၏ဒုတိယအကြိမ်အစည်းအဝေး” ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ပြည်သူအတွက် အမှန်တကယ် အကျိုးရှိထိရောက်သည့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်များရေးဆွဲနိုင်ရန်လိုအပ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်နိုင်ရန်လည်း အရေးကြီးကြောင်း၊ ကမ္ဘာလုံးဆိုင်ရာအဆင့်ချမှတ်ထားသည့် အညွှန်းကိန်းများနှင့်လည်း ကိုက်ညီရန်လိုအပ်ကြောင်း၊ ယခင်က ဖြစ်ပွားခဲ့သောဘေးများအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်သည့်လုပ်ငန်းစီမံချက်များကို ဖြစ်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးလျော့ပါးရေးအတွက် လမ်းညွှန်မြေပုံဖြစ်လာနိုင်ရန်မျှော်လင့်ပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအစည်းအဝေးသို့ သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
