(၉-၁-၂၀၁၇) ရက်နေ့၊ (၂ဝး၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ အမှတ် (၉) ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေမျှောပါ နေအိမ် (၄) လုံးနှင့် နစ်မြုပ်နေအိမ် (၇) လုံးမှ (၁၂) နှစ်အထက် ကျား (၁၈) ဦး မ (၁၆) ဦး၊ (၁၂) နှစ်အောက် ကျား (၈) ဦး မ (၈) ဦး စုစုပေါင်းလူဦးရေ (၅၀) ဦး ဘေးခံစားခဲ့ရလျက်ရှိကြောင်းသိရှိခဲ့ရပါသည်။ ၄င်းအိမ်ထောင်စုများမှ ရေမျှောပါအိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးကိုလည်းကောင်း၊ ရေမြုပ်အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကိုလည်းကောင်း ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)