မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (၂၀၁၆) ရေးဆွဲရေး ဒုတိယအကြိမ် အစည်းအဝေးကျင်းပမှုသတင်း

နေပြည်တော် ဇန်နဝါရီ (၁၀)
ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ြခင်း ြဖင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ြပည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိရေး မူဝါဒကိုချမှတ်လျက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက်တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသော “မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးလုပ်ငန်း စီမံချက်ရေးဆွဲရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ််ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် ၂၀၁၆ ခုနှစ်တ္ငင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် တွေ့ကြုံခဲ့ရသည့် ချင်းပြည်နယ်၊ မြေပြိုဆည် နှင့်ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကောင်းကို နမူနာယူသင့်ကြောင်း၊ မြေပြိုဆည်ကျိုးပေါက်ချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် နုန်းဖမ်းဆည်တည်ဆောက် ပေးခြင်းနှင့် ဆည်ကျိုးပေါက်ခဲ့ပါက ရှောင်တိမ်း ရမည့်လမ်းကြောင်းကို သတ်မှတ်ပေးခြင်း၊ ပြည်သူလူထုအတွက် အရေးပေါ်ခိုလှှုံရာနေရာများ စီစဉ်ပေးခြင်း၊ မြေပြိုဆည်အနီးတွင် ရေပိုလွှဲများပြုလုပ်ပေးခြင်း၊ အရေးပေါ်ဆက်သွယ်ရေးစက် (SSB)များ ကြိုတင်တပ်ဆင်ပေးခြင်းနှင့် ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများကိုပါ ဆောင်ရွက်ပေးခြင်း ဖြင့် ြေမပြိုဆည်ကျိုးပေါက်ချိန်တွင် အတော်အတန်ကာကွယ်နိုင်သကဲ့သို့ ပြည်သူလူထု၏ ထိိခိုက််ဆုံးရှုံးမှုများကိုလည်း လျှော့ချပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့တွင် ြမန်မာနိုင်ငံသဘာဝဘေး လျော့ပါးရေးလုပ်ငန်းစီမံချက် ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို မိမိတို့ဝန်ကြီးဌာန တစ်ခုတည်း သာမကဘဲ ဝန်ကြီးဌာနပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည်ဖြစ်၍ ဝမ်းမြောက်ကျေးဇူးတင်ရှိ ပါကြောင်း၊ ယခုရေးဆွဲလျက်ရှိသည့် မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်တွင် ယခင် ဘေးအတွေ့အကြုံ၏ အားသာချက်၊ အားနည်းချက်များကို နမူနာယူရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည်ဖော်ရေးအတွက် နိုင်ငံတော်အဆင့်မှ ဦးဆောင်ဦးရွက်ပြု အကောင်အထည်ဖော်သကဲ့သို့ နိုင်ငံတကာနှင့် ပြည်တွင်း/ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ယခုအခါသဘာဝဘေး ပုံမှန်ဖြစ်ပွား နေသည့် နိုင်ငံဖြစ်သည့်အတွက် မျှော်မှန်း နိုင်သည့်ဘေးများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ရမည့် စီမံချက်များကို ထည့်သွင်းရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ယခုရေးဆွဲသည့် လုပ်ငန်းစီမံချက်မှာ မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများအတွက် အဓိကလမ်းပြမြေပုံဖြစ်လာရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအစိုးရဌာနများ၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် UNDP နှင့် မြန်မာနိုင်ငံ သဘာဝ ဘေးလျော့ပါးရေး လုပ်ငန်းစီမံချက်ရေးဆွဲရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များမှ ကိုယ်စား လှယ်(၆၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်း စီမံချက် (၂၀၁၆)အသစ် ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events